University of Geneva Master Scholarships (Excellence Masters Fellowship)

ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်သောကျောင်းသားများအတွက် ဆွစ်ဇာလန်နိင်ငံ Geneva တက္ကသိုလ်မှ Excellence Masters Fellowship Scholarship ပညာသင်ဆု ပေးအပ်နေပါသည်။ ဤပညာသင်ဆုသည် Geneva တက္ကသိုလ်ရဲ့ Master of Science ဘွဲ့ကိုတက်ရောက်‌ နေသော ထူးချွန်ကျောင်းသားများကို သင်ကြားရေးတာဝန်များထမ်းဆောင်စရာမလိုပဲ ကောင်းမွန်စွာပညာသင်ယူနိုင်ရန်အတွက် ထောက်ပံ့ပေးသော ပညာသင်ဆုတစ်ခုဖြစ်ပါသည်။

လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍
The scholarship is open globally, including applicants from all ASEAN countries

  • ဘရူနိုင်း
  • ကမ္ဘောဒီးယား
  • အင်ဒိုနီးရှား
  • လာအို
  • မလေးရှား
  • Myanmar
  • ဖိလစ်ပိုင်
  • စင်ကာပူ
  • ထိုင်း
  • ဗီယက်နမ်

Application Timeline

Eligibility Highlights

  • Bachelor Degree ရရှိပြီးသူ (သို့မဟုတ်) Program မစမီ (၆) လအတွင်း Bachelor Degree ရရှိမည့်သူဖြစ်ရပါမည်။
  • မိမိတက်ရောက်ခဲ့သော တက္ကသိုလ်၏ထူးချွန်ကျောင်းသားစာရင်းဝင်ရပါမည်။ (တိကျသောသတ်မှတ်ချက်များမရှိသော်လဲ မိမိ၏စာသင်နှစ်တွင်အတော်ဆုံးကျောင်းသားစာရင်းထဲ၌ ပါရှိရမည်ဖြစ်ပြီး strong academic record ရှိထားရပါမည်။)
  • Geneva တက္ကသိုလ်၏ Faculty of Science ဌာနမှဖွင့်လှစ်သော Master of Science Program တစ်ခုတွင် တက်ရောက်ခွင့် ရရှိထားသူ ဖြစ်ရပါမည်။
  • မိမိလျှောက်ထားသော Program ကိုလိုက်၍ ဘာသာစကားလိုအပ်ချက် ကွဲပြားနိုင်သော်လဲ ဘာသာရပ်အများစုမှာ အင်္ဂလိပ်ဘာသာနှင့် ပြင်သစ်ဘာသာတို့ လိုအပ်ပါသည်။
  • အသက်အရွယ် ကန့်သတ်မှုမရှိပါ။
  • ပညာရေးမှတ်တမ်းများ နှင့် Motivation Letter အပေါ်မူတည်၍ ပညာသင်ဆုအားရွေးချယ်သွားမည်ဖြစ်ပါသည်။

ပညာသင်ဆု အကျိုးခံစားခွင့်များ

  • နှစ်စဉ် CHF 10,000 မှ 15,000 (ဆွစ်ဖရန့်) ထောက်ပံ့ကြေး ရရှိမည် ဖြစ်ပါသည်။ ပညာရေးရလဒ်များအပေါ်မူတည်၍ Master Program ကာလတစ်လျောက် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါသည်။
  • ဤထောက်ပံ့ကြေးသည် ကျောင်းလခနှင့် နေထိုင်စရိတ်အတွက်သာထောက်ပံ့ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံးအတွက်ထောက်ပံ့ပေးမည် မဟုတ်ပါ။
  • ကျောင်းတွင် စာသင်ကြားပေးရမည့် တာဝန် (Teaching duties) မရှိပါ။

လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ

Applicants must submit a single PDF file including:

  • မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ
  • ကိုယ်ရေးအကျဉ်း CV (အများဆုံး ၂ မျက်နှာ
  • တက္ကသိုလ် အမှတ်စာရင်း (Transcripts) နှင့် ဘွဲ့လက်မှတ်
  • Motivation Letter (သိပ္ပံပညာရပ်ကို စိတ်ဝင်စားရသည့် အကြောင်းရင်းနှင့် University of Geneva ကို ရွေးချယ်ရသည့် အကြောင်းရင်းကို သေချာရှင်းပြရမည်။)
  • ပါမောက္ခများထံမှ ထောက်ခံစာ ၂ စောင် (Reference Letters)
  • GRE, TOEFL သို့မဟုတ် အခြား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲရလဒ်များရှိပါက ဖော်ပြနိုင်ပါသည်။ (မဖြစ်မနေဖော်ပြရန် မလိုအပ်ပါ)
  • Faculty of Science သို့ ကျောင်းဝင်ခွင့် လျှောက်ထားပြီးကြောင်း အထောက်အထား

လျှောက်ထားပုံအဆင့်ဆင့်

  • Geneva တက္ကသိုလ်၏ Faculty of Science အောက်ရှိ Master of Science အစီအစဉ်သို့ ဦးစွာ ကျောင်းဝင်ခွင့် (Admission) လျှောက်ထားပါ။
  • ကျောင်းဝင်ခွင့် လျှောက်ထားပြီးပါက Excellence Masters Fellowship လျှောက်လွှာတင်ရန်အတွက် ကိုယ်ပိုင် Link တစ်ခု ရရှိပါမည်။
  • ထို Link မှတဆင့် လိုအပ်သော စာရွက်စာတမ်းများပါဝင်သည့် Single PDF ဖိုင်ကို သတ်မှတ်ရက် (၂၀၂၆၊ ဖေဖော်ဝါရီ ၂၈) မတိုင်မီ Upload တင်ပါ။
  • ပညာရေးထူးချွန်မှုနှင့် ရည်မှန်းချက်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်၍ ရလဒ်ကို စောင့်မျှော်ပါ

အသေးစိတ်လေ့လာရန်

https://www.unige.ch/sciences/en/enseignements/formations/masters/excellencemasterfellowships/?utm_source=chatgpt.com