UMY ပညာသင်ဆုသည် ကမ္ဘာအနှံ့မှ နိုင်ငံတကာကျောင်းသားများ၊ အထူးသဖြင့် ASEAN နိုင်ငံသားများအား အင်ဒိုနီးရှားနိုင်ငံတွင် ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ပါရဂူဘွဲ့များ ဆည်းပူးနိုင်ရန် ရည်ရွယ်ထားပါသည်။
လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့မှ နိုင်ငံတကာကျောင်းသားများ လျှောက်ထားနိုင်ပါသည်။
Application Timeline
- The application period runs from October 3rd to November 30th, 2025.
Eligibility Highlights
- ဘွဲ့ကြိုအတွက် အထက်တန်းပြီးရမည်။ မဟာဘွဲ့အတွက် ဘွဲ့ကြိုရရှိပြီးဖြစ်ရမည်။ ပါရဂူဘွဲ့အတွက် မဟာဘွဲ့ ရရှိပြီးဖြစ်ရမည်။
- ထူးချွန်သော ပညာရေးရလဒ်ရှိရန် လိုအပ်ပါသည်။
- အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား TOEFL, IELTS, Duolingo သို့မဟုတ် TOEIC အမှတ်များ တင်ပြနိုင်ရမည်။
- ပညာသင်ဆု အကျိုးခံစားခွင့်များ
ပညာသင်ဆု အကျိုးခံစားခွင့်များ
- စာသင်နှစ်အလိုက် ပညာသင်ကြေးအား 100% ထောက်ပံ့ပေးခြင်း
- အဆောင်နေထိုင်စရိတ်
- လစဉ်အသုံးစရိတ် (Monthly Stipend)
- ဘွဲ့ကြို - IDR 1,850,000
- မဟာဘွဲ့ - IDR 2,350,000
- ပါရဂူဘွဲ့ - IDR 2,600,000
- သာမန်ကျန်းမာရေးစောင့်ရှောက်မှု
- အင်ဒိုနီးရှားဘာသာစကား သင်တန်း (BIPA)
လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ
- ပညာအရည်အချင်းလက်မှတ်နှင့် မှတ်တမ်းများ (ဘွဲ့ကြို၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ သက်ဆိုင်ရာ)
- အင်္ဂလိပ်စာအရည်အချင်းပြလက်မှတ် (သို့) ချွင်းချက်အတွက် အထောက်အထား
- နိုင်ငံကူးလက်မှတ်
- Motivation Letter
- ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အတွက် recommendation letter နှင့် brief research proposal
ပိုမိုသိရှိလိုပါက နှင့် အွန်လိုင်းလျှောက်ထားရန် တရားဝင်ဝက်ဘ်ဆိုဒ်လင့်ခ်သို့ ဝင်ရောက်ကြည့်ရူ့နိုင်ပါသည်။
https://internationaladmissions.umy.ac.id/scholarship-information
