Ernst Mach Grant – Worldwide (for 2026-2027 Academic Year)

ပညာသင်ဆု အကြောင်းအရာ အကျဉ်းချုပ်

ဩစတြီးယားနိုင်ငံတွင် သုတေသနပြုလုပ်လိုသော နိုင်ငံတကာ သုတေသီများအတွက် Ernst Mach Grant - Worldwide ပညာသင်ဆု (Research Grant) ကို OeAD GmbH မှ ပေးအပ်နေပါသည်။ ဤ Grant သည် ဩစတြီးယားနိုင်ငံရှိ တက္ကသိုလ်များ သို့မဟုတ် သုတေသနအဖွဲ့အစည်းများတွင် သုတေသနပြုလုပ်ရန်အတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း ဖြစ်သည်။

လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍

ဤ Grant သည် ဩစတြီးယားနိုင်ငံသားများမှလွဲ၍ ကမ္ဘာတစ်ဝှမ်းမှ လျှောက်ထားနိုင်ပါသည်။ ASEAN နိုင်ငံများဖြစ်သော မြန်မာ၊ မလေးရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ နှင့် ဗီယက်နမ် နိုင်ငံသားများ အားလုံး လျှောက်ထားနိုင်ပါသည်။

Application Timeline

ပညာသင်ဆု အကျိုးခံစားခွင့်များ

  • လစဉ် နေထိုင်စရိတ်ခန့်မှန်းခြေ €1,300
  • လေယာဉ်လက်မှတ်အတွက် ခရီးစရိတ် €1,200 အထိ
  • ကျန်းမာရေးနှင့် မတော်တဆထိခိုက်မှု အာမခံ
  • Tuition Fees (ကျောင်းလခ) ကင်းလွတ်ခွင့် (သုတေသန ပရိုဂရမ်ပေါ် မူတည်၍)

လျှောက်လွှာအတွက်လိုအပ်ချက်များ

  • နိုင်ငံသား: ဩစတြီးယား နိုင်ငံသား မဟုတ်သူ ဖြစ်ရမည် Must be a citizen of any country other than Austria.
  • ပညာရေးအဆင့်: ဘွဲ့လွန်၊ ပါရဂူဘွဲ့သင်တန်းသား (Doctoral candidates) နှင့် Postdoctoral သုတေသီများ လျှောက်ထားနိုင်သည်။
  • အသက်ကန့်သတ်ချက်: သုတေသနအတွက် ၃၅ နှစ် နှင့် Postdoctoral အတွက် ၄၅ နှစ်အထိ။
  • အင်္ဂလိပ် သုတေသနပြုလုပ်မည့် ပတ်ဝန်းကျင်ပေါ်မူတည်၍ အင်္ဂလိပ် သို့မဟုတ် ဂျာမန်ဘာသာ ကျွမ်းကျင်မှု လိုအပ်သည်။
  • အခြားအချက်များ: ဩစတြီးယားနိုင်ငံရှိ host institution သို့မဟုတ် သုတေသန ကြီးကြပ်သူ (Supervisor) ၏ လက်ခံမှု (Letter of Acceptance) ရှိရမည်။

လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ

  • Completed Online Application Form
  • နိုင်ငံကူးလက်မှတ် (Passport)
  • ပညာရေးဆိုင်ရာ Transcript နှင့် ဘွဲ့လက်မှတ်များ
  • ကိုယ်ရေးအကျဉ်း (CV)
  • သုတေသန အဆိုပြုလွှာ (Research Proposal) (ဩစတြီးယား Supervisor မှ အတည်ပြုထားရမည်)
  • ဘာသာစကား ကျွမ်းကျင်မှု သက်သေခံလက်မှတ် (English or German)
  • Letter of Motivation
  • ဩစတြီးယား တက္ကသိုလ်/ဌာန မှ လက်ခံထားကြောင်းစာ (Letter of Acceptance)

လျှောက်ထားပုံအဆင့်ဆင့်

  • OeAD ဝက်ဘ်ဆိုက်တွင် Call for Applications ကို သေချာစွာဖတ်ပါ။
  • လျှောက်ထားခွင့်ရှိမှုကို စစ်ဆေးပါ။
  • ဩစတြီးယားတက္ကသိုလ် သို့မဟုတ် Supervisor ရှာပြီး Letter of Acceptance ရယူပါ။
  • လိုအပ်သောစာရွက်စာတမ်းများကို ပြင်ဆင်ပါ။
  • OeAD portal တွင် အကောင့်ဖွင့်ပါ။
  • Online application ဖြည့်ပြီး စာရွက်စာတမ်းများ upload လုပ်ပါ။
  • နောက်ဆုံးရက်မတိုင်မီ လျှောက်လွှာတင်ပါ။
  • ရလဒ်ကို စောင့်ဆိုင်းပြီး လိုအပ်လျှင် ထပ်မံစာရွက်စာတမ်းများပေးပို့ပါ။

Field of study

  • Agriculture and Forestry
  • Environmental Science and Sustainability
  • Arts, Design, and Performing Arts
  • Business, Finance, and Economics
  • Computer Science, Information Technology, and Data Science
  • Education and Teacher Training
  • Engineering and Technology
  • Health, Medicine, and Nursing
  • Humanities
  • Social Sciences
  • Law and Criminal Justice
  • Natural Sciences
  • Psychology and Behavioral Sciences
  • Social Work and Public Administration
  • Language and Literature
  • Mathematics and Statistics
  • Religious and Theological Studies

ပိုမို ပြည့်စုံသော သတင်းအချက်အလက်များကို ကြည့်ရှုရန်နှင့် လျှောက်ထားရန်အတွက် အောက်တွင်ဖော်ပြထားသည့် Link သို့ ဝင်ရောက် ဖတ်ရှု နိုင်ပါသည်။

အသေးစိတ်လေ့လာရန်

  • https://oead.at/en/ (Navigate to “Grants & Scholarships” and find the “Ernst Mach Grant – Worldwide”)