Emile Boutmy Scholarship

ပြင်သစ်နိုင်ငံ ကနေပေးအပ်တဲ့ Emile Boutmy ပညာသင်ဆု (Emile Boutmy Scholarship) သည် Sciences Po တက္ကသိုလ်ကို တည်ထောင်သူ Émile Boutmy ကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခြင်းဖြစ်ပြီး တက္ကသိုလ်နှင့် အလှူရှင်များက ပူးပေါင်းထောက်ပံ့ထားခြင်း ဖြစ်ပါသည်။ ဥရောပနိုင်ငံသားမဟုတ်တဲ့ ပညာရေးထူးချွန်သော ကျောင်းသား/သူများအတွက်ရည်ရွယ်ပြီး ကျောင်းလခများကိုအဓိကပံ့ပိုးပေးတာပဲဖြစ်ပါသည်။

လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍

  • အင်ဒိုနီးရှား
  • မလေးရှား
  • ဖိလစ်ပိုင်
  • ထိုင်း
  • ဗီယက်နမ်

Application Timeline

Eligibility Highlights

  • ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားမဟုတ်သည့် Science Po တက္ကသိုလ် တွင် ပထမဆုံး အကြိမ် တက်ရောက်ခွင့်ရရှိသူ ဖြစ်ရပါမည်။
  • ဘွဲကြို သင်တန်းများ သာမက မဟာဘွဲ့ သင်တန်းများ အတွက်ပါ လျှောက်ထားနိုင်ပါသည်။
  • ထူးချွန်သော ပညာရေးမှတ်တမ်း (Strong Academic Record) ရှိရန် လိုအပ်ပါသည်။
  • အသက်အရွယ် ကန့်သတ်ထားခြင်းမရှိ‌ သော်လည်း တက္ကသိုလ် တက်ရောက်ရမည့် အသက်အရွယ်နှင့် ကိုက်ညီမှုရှိရပါမည်။
  • မိမိရွေးချယ်ထားသော Program ပေါ်မူတည်၍ အင်္ဂလိပ်ဘာသာ သို့မဟုတ် ပြင်သစ်ဘာသာ ကျွမ်းကျင်စွာ တတ်မြောက် ရပါမည်။
  • တတိယနှစ်မှ စတင်တက်ရောက်မည့် နှစ်ဘွဲ့ရ သင်တန်း (Dual degree) လျှောက်ထားသူများနှင့် ဥရောပသမဂ္ဂအဖွဲ့၀င် နိုင်ငံသားများ လျှောက်ထားခွင့်မရှိပါ။

ပညာသင်ဆု အကျိုးခံစားခွင့်များ

  • ဘွဲ့ကြို သင်တန်းများ (Undergraduate) - နှစ်စဉ် သင်တန်းကြေး ယူရို €14,720 ခန့်အထိ ကင်းလွတ်ခွင့်။
  • မဟာဘွဲ့ သင်တန်းများ (Master) - နှစ်စဉ် သင်တန်းကြေး ယူရို €18,500 ခန့်အထိ ကင်းလွတ်ခွင့်။
  • Emile Boutmy ပညာသင်ဆုသည် ကျောင်းလခကိုသာ အဓိကထောက်ပံ့ပေး ခြင်းဖြစ်ပြီး နေထိုင်စရိတ်၊ လေယာဉ်လက်မှတ်နှင့် အာမခံကြေးများကို မိမိကိုယ်တိုင် စီစဉ်ရပါမည်။

လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ

  • Sciences Po ၏ အွန်လိုင်းလျှောက်လွှာတွင်ပညာသင်ဆုလျှောက်ထားလိုကြောင်း ထည့်သွင်းဖော်ပြရပါမည်။
  • အမှတ်စာရင်းများနှင့် ပညာရေးမှတ်တမ်းများ (Academic Transcript)
  • ကိုယ်ရေးအကျဉ်း (CV)
  • ပညာရေးပန်းတိုင် နှင့် ရည်မှန်းချက်များကို အသေးစိတ်ဖော်ပြသည့် ကိုယ်ရေးဖော်ပြချက် (Motivation Letter)
  • ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား (အင်္ဂလိပ် သို့မဟုတ် ပြင်သစ်)
  • မိသားစုဝင်ငွေ အထောက်အထား (Financial Documents)
  • ပညာရေး နှင့် ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံစာများ (Recommendation Letters)

လျှောက်ထားပုံအဆင့်ဆင့်

  1. Sciences Po ၏ တရားဝင်ဝက်ဘ်ဆိုက်မှတဆင့် ကျောင်းလျှောက်လွှာတင်ပါ။
  2. လျှောက်လွှာတင်စဉ်တွင် "Emile Boutmy Scholarship" ကို ရွေးချယ်ရပါမည်။
  3. လိုအပ်သော စာရွက်စာတမ်းများအားလုံးကို guidelines များအတိုင်းတင်ရပါမည်။
  4. လိုအပ်သော ဘာသာစကား စာမေးပွဲရလဒ်များကို တင်ပြရပါမည်။
  5. ပညာသင်ဆု ရလဒ်ကို စောင့်ဆိုင်းပါ။

အသေးစိတ်လေ့လာရန်

Emile Boutmy Scholarship | Sciences Po