Clarendon Fund သည် ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Oxford တက္ကသိုလ်မှ ဘွဲ့လွန်ပညာသင်ဆု အစီအစဉ် ဖြစ်ပါသည်။ Clarendon Fund ပညာသင်ဆုသည် ပညာရေးထူးချွန်သော နိုင်ငံတကာ ကျောင်းသားများအား ဘာသာရပ်အားလုံးတွင် မဟာဘွဲ့ (MSc, MPhil) သို့မဟုတ် ပါရဂူဘွဲ့ (DPhil) သင်တန်းများ တက်ရောက်နိုင်ရန် ရည်ရွယ်သော ပညာသင်ဆု တခုဖြစ်ပါသည်။
Oxford တက္ကသိုလ်မှ ရန်ပုံငွေ ထောက်ပံ့ထားပြီး ကမ္ဘာတစ်ဝှမ်းမှ အရည်အချင်းရှိသူများ မည်သည့်ငွေကြေးအခက်အခဲမှ မရှိဘဲ ပညာသင်ကြားနိုင်ရန် နှင့် ထူးချွန်သော အနာဂတ် ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍
ASEAN အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံသားအားလုံး လျှောက်ထားနိုင်ပါသည်။
Application Timeline
- The scholarship deadline is contingent upon the University of Oxford’s application deadline for your chosen course, which typically falls within December or January.
- For the 2026 academic year, application deadlines may vary by course, potentially falling on December 2, 2025, or January 8, 2026.
Eligibility Highlights
- Oxford တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်း (Master’s သို့မဟုတ် DPhil) အတွက် လျှောက်ထားသူ ဖြစ်ရမည်။
- အချိန်ပြည့် တက်ရောက်ရသော သင်တန်းများကို အဓိကထား ထောက်ပံ့ ပေးပြီး၊ အချိန်ပိုင်း သင်တန်းများအတွက်လဲ လျှောက်ထားနိုင်ပါသည်။
- ပညာရေး 3.7/4.0 သို့မဟုတ် First-Class Honours Degree နှင့် ညီမျှသော GPA ရှိသူ ဖြစ်ရမည်။
- ဘွဲ့လွန် တက်ရောက်သူများသည် သတ်မှတ်ထားသည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု စံနှုန်းများကို ပြည့်မီရမည်။
ပညာသင်ဆု အကျိုးခံစားခွင့်များ
- သင်တန်းကြေး အပါအ၀င်၊ ကောလိပ်ကြေးများ အားလုံးကို ပညာသင်ဆု တွင်ပါ၀င်မည် ဖြစ်ပါသည်။
- Oxfordမြို့ တွင် တစ်ကိုယ်ရေ နေထိုင်မှုစရိတ်အတွက် လုံလောက်သော ထောက်ပံ့ကြေး အဖြစ် ခန့်မှန်းခြေ နှစ်စဉ် £15,000 မှ £18,600 အထိ ရရှိပါမည်။
- အချိန်ပိုင်း ကျောင်းသားများအတွက် သီးခြား ထောက်ပံ့ငွေ (Study Support Grant) ကို ပေးအပ်ပါမည်။
- လေယာဉ်လက်မှတ် သို့မဟုတ် ကျန်းမာရေး အာမခံအတွက် သီးခြား အကျိုးခံစားခွင့် မပေးသော်လည်း အခြေအနေအရ နောက်ထပ် အထောက်အပံ့များ ရရှိနိုင်ပါသည်။
လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ
- Oxford ဘွဲ့လွန် အတွက် Online လျှောက်လွှာ
- ပညာရေးဆိုင်ရာ Transcript နှင့် ဘွဲ့လက်မှတ်များ
- ပညာရေးပန်းတိုင် နှင့် ရည်မှန်းချက်များကို အသေးစိတ်ဖော်ပြသည့် ကိုယ်ရေးဖော်ပြချက် (Personal Statement)
- ပညာရေး နှင့် ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံစာ အနည်းဆုံး နှစ်စောင် (Recommendation Letter
- ကိုယ်ရေးအကျဉ်း (CV)
- သုတေသန အဆိုပြုစာ (Research Proposal)
- အင်္ဂလိပ်စာ ကျွမ်းကျင်မှု အထောက်အထား (English Language Test)
- နိုင်ငံကူးလက်မှတ်
လျှောက်ထားပုံအဆင့်ဆင့်
- Online လျှောက်လွှာ ကို portal မှတစ်ဆင့် ရွေးချယ်ထားသော ဘွဲ့လွန်သင်တန်းအတွက် နောက်ဆုံးရက်မတိုင်မီ လျှောက်ထား နိုင်ပါသည်။
- အရည်အချင်းပြည့်မီသော လျှောက်ထားသူအားလုံးကို Clarendon Scholarship အတွက် အလိုအလျောက် ထည့်သွင်း စဉ်းစား မည်ဖြစ်ပါသည်။
- လျှောက်ထားပြီးပါက ကျောင်းလက်ခံစာ နှင့် ပညာသင်ဆု အကြောင်းကြားစာကို စောင့်ဆိုင်းပေးပါ။
ပိုမို ပြည့်စုံတိကျသော သတင်းအချက်အလက်များကို ကြည့်ရှုရန်နှင့် လျှောက်ထားရန်အတွက် အောက်တွင်ဖော်ပြထားသည့် Link သို ဝင်ရောက် ဖတ်ရှု နိုင်ပါသည်။
အသေးစိတ်လေ့လာရန်
