UK ရှိ Bristol University မှ နိုင်ငံတကာကျောင်းသားများအတွက် Think Big Scholarships ပညာသင်ဆုများကို ပေးအပ်နေပါသည်။ ဤပညာသင်ဆုသည် သင်တန်းကြေးလျှော့ ပေါ့ခြင်း (Tuition Fee Discount) အဓိကထားပေးသည့် ဆုတစ်ခုဖြစ်သည်။
လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာကျောင်းသားအားလုံး လျှောက်ထားနိုင်ပါသည်။
Application Timeline
Deadline
April 10, 2026
Eligibility Highlights
- Bachelor ဘွဲ့ကြို သို့မဟုတ် Master ဘွဲ့လွန်သင်တန်းများအတွက် တက္ကသိုလ်၏ သတ်မှတ်ထားသော ဝင်ခွင့်လိုအပ်ချက်များနှင့် ပြည့်မီရမည်။
- သင်တန်းအလိုက် သတ်မှတ်ထားသော GPA ရှိရမည်။
- အင်္ဂလိပ်စာ ကျွမ်းကျင်မှု လက်မှတ် IELTS (သို့) တန်းတူအသိအမှတ်ပြုလက်မှတ် တင်သွင်းရမည်။
- Bachelor ဘွဲ့ကြိုပညာသင်ဆုအတွက် ဆေးပညာ၊ သွားဘက်ဆိုင်ရာပညာနှင့် တိရစ္ဆာန်ဆေးပညာသင်တန်းများသည် ပါဝင်ခွင့်မရှိပါ။
- ပညာသင်ဆုဆက်လက်ရရှိရန် တက္ကသိုလ် ၏ သတ်မှတ်ထားသော လိုအပ်ချက်များ ပြည့်မီခြင်း Satisfactory Academic Progress) ရှိရမည်။
ပညာသင်ဆု အကျိုးခံစားခွင့်များ
- ဘွဲ့လွန်ကျောင်းသားများအတွက် သင်တန်းကြေး လျှော့ပေါ့ခွင့် - တစ်နှစ်လျှင် ပေါင် ၆,၅၀၀ (သို့မဟုတ်) ပေါင် ၁၃,၀၀၀ အထိ လျှော့ပေးပြီး၊ စာသင်နှစ် လေးနှစ်လုံး ရနိုင်ပါသည်။
- ဘွဲ့လွန်ကျောင်းသားများအတွက် သင်တန်းကြေး လျှော့ပေါ့ခွင့် - တစ်နှစ်လျှင် ပေါင် ၆,၅၀၀ (သို့မဟုတ်) ပေါင် ၁၃,၀၀၀ အထိ လျှော့ပေးပြီး၊ စာသင်နှစ် လေးနှစ်လုံး ရနိုင်ပါသည်။
- ဘွဲ့လွန်ကျောင်းသားများအတွက် သင်တန်းကြေး လျှော့ပေါ့ခွင့် - တစ်နှစ် (သို့မဟုတ်) တစ်နှစ်ထက်ပိုကြာသော ဘွဲ့လွန်သင်တန်းများအတွက် ပေါင် ၆,၅၀၀၊ ပေါင် ၁၃,၀၀၀ (သို့မဟုတ်) ပေါင် ၂၆,၀၀၀ အထိ လျှော့ပေးနိုင်ပါသည်။
- နေထိုင်စရိတ် ထောက်ပံ့ကြေး - ရွေးချယ်ခံရသော ဘွဲ့လွန်ကျောင်းသားများသည် ပေါင် ၃,၀၀၀ အထိ ရရှိနိုင်သည်။
လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ
- ပညာသင်ဆုအတွက် လျှောက်လွှာ (Scholarship Application)
- ဘွဲ့လွန်တက်ရောက်မည့်သင်တန်းအတွက် လျှောက်ထားပြီးကြောင်း အထောက်အထား (Course Application)
- ပညာရေးဆိုင်ရာ Transcript နှင့် ဘွဲ့လက်မှတ်များ
- အင်္ဂလိပ်စာ ကျွမ်းကျင်မှု အထောက်အထား (IELTS or equivalent)
- ပညာရေးပန်းတိုင် နှင့် ရည်မှန်းချက်များကို အသေးစိတ်ဖော်ပြသည့် ကိုယ်ရေးဖော်ပြချက် (Personal Statement)
- ပညာရေး နှင့် ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံစာ (Recommendation Letters)
- Passport မိတ္တူ
ပိုမို ပြည့်စုံသော သတင်းအချက်အလက်များကို ကြည့်ရှုရန်နှင့် လျှောက်ထားရန်အတွက် အောက်တွင်ဖော်ပြထားသည့် Link သို့ ဝင်ရောက် ဖတ်ရှု နိုင်ပါသည်။
https://www.bristol.ac.uk/international/fees-finance/scholarships/
