Ernst Mach Grant – ASEA-UNINET Call 2025/26

Ernst Mach Grant – ASEA-UNINET သည် ဩစတြီးယား နိုင်ငံ၏ အမျိုးသားပညာရေး၊ သိပ္ပံနှင့် သုတေသနရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားသည် ပညာသင်ဆုဖြစ်ပြီး၊ OeAD GmbH မှ ASEAN-European Academic University Network (ASEA-UNINET) နှင့် ပူးပေါင်း ပေးအပ်သောပညာသင်ဆုဖြစ်ပါသည်။

လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍

  • အင်ဒိုနီးရှား
  • မလေးရှား
  • ဖိလစ်ပိုင်
  • ထိုင်း
  • ဗီယက်နမ်
    (မှတ်ချက်။ ။ကာလတိုသုတေသနများအတွက် ကမ္ဘောဒီယား၊ လာအိုနှင့် မြန်မာနိုင်ငံများမှလည်း လျှောက်ထားနိုင်ပါသည်။)

Application Timeline

Eligibility Highlights

  • ပညာရေးအဆင့်:
  • အနုပညာနှင့် ဂီတပညာရပ်များအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများ
  • ASEA-UNINET အဖွဲ့ဝင်တက္ကသိုလ်များ သို့မဟုတ် ဩစတြီးယား တက္ကသိုလ်များတွင် PhD ပညာသင်ဆုများအတွက် လေ့လာနေ‌ သော ဘွဲ့လွန် ကျောင်းသားများ
  • ASEA-UNINET အဖွဲ့ဝင်တက္ကသိုလ်များတွင် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ပါရဂူဘွဲ့ ဆက်လက် သင်ယူ‌ နေသော သုတေသီများ လျှောက်ထားနိုင်ပါသည်။
  • PhD နှင့် ဂီတပညာရပ်များအတွက် - (၃၅) နှစ် အထိ Postdoctoral သုတေသနများအတွက် - (၄၅) နှစ် အထိ
  • အင်္ဂလိပ်ဘာသာ နှင့် ဂျမန်ဘာသာ ကျွမ်းကျင်ရန်လိုအပ်ပါသည်။
  • ပညာသင်ဆု စတင်မီ ၆ လအတွင်း ဩစတြီးယားနိုင်ငံအတွင်း နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခဲ့ခြင်း မရှိရပါ။

ပညာသင်ဆု အကျိုးခံစားခွင့်များ

  • လစဉ်‌ နေထိုင်စရိတ် €1,300 ဝန်းကျင် ထောက်ပံ့ပေးမည် ဖြစ်ပါသည်။
  • Tuition fees waived for study and research in Austria
  • လေယာဉ်လက်မှတ်အတွက် €1,200 အထိ ထောက်ပံမှုပေးမည် ဖြစ်ပါသည်။
  • ကျန်းမာရေးနှင့် မတော်တဆ ထိခိုက်မှု အာမခံများ ပါဝင်ပါသည်။
  • ဗီဇာနှင့် နေထိုင်ခွင့် အထောက်အပံ့ များလည်းရရှိပါမည်။

လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ

  • လျှောက်လွှာဖောင် (Application Form)
  • နိုင်ငံကူးလက်မှတ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား
  • ASEA-UNINET အဖွဲ့ဝင် တက္ကသိုလ်တစ်ခုခုတွင် စာရင်းသွင်းထားကြောင်း သို့မဟုတ် တက်ရောက်ခွင့်ရကြောင်း အထောက်အထား
  • ပညာရေးဆိုင်ရာ Transcript နှင့် ဘွဲ့လက်မှတ်များ
  • ကိုယ်ရေးအကျဉ်း (CV)

လျှောက်ထားပုံအဆင့်ဆင့်

  • official website ဖြစ်သော www.grants.at/en သို့ သွားပါ။
  • “Ernst Mach Grant – ASEA-UNINET” အကြောင်းဖော်ပြထားသည့် ကြေညာချက်ကို ရှာပါ။
  • “Apply Online” ခလုတ်ကို နှိပ်၍ Account ဖန်တီးပြီး လျှောက်လွှာဖြည့်ပါ။
  • လိုအပ်သော စာရွက်စာတမ်းများအားလုံးကို (၂၀၂၅ မတ် ၁ ရက်) မတိုင်မီ Upload လုပ်ပါ။
  • Music Practice Grant အတွက် တီးခတ်မှုမှတ်တမ်းများကို တင်သွင်းပြီး အွန်လိုင်းအင်တာဗျူးများ အတွက် စာရင်းပေးသွင်းပါ။
  • လျှောက်လွှာတင်ပြီးနောက် အထက်ပါ ဖော်ပြထားသည့် Website Link တွင် စောင့်ကြည့်နိုင်ပါသည်။
  • Motivation Letter
  • ဘာသာစကား ကျွမ်းကျင်မှု သက်သေခံလက်မှတ် (English or German)
  • PhD နှင့် Postdoctoral များအတွက် သုတေသန အဆိုပြုလွှာ (Research Proposal)
  • ဂီတပညာရပ် လျှောက်ထားသူများအတွက်တီးခတ်မှုမှတ်တမ်းများနှင့် အရည်အချင်းစစ်တမ်းများ
  • ပညာရေး နှင့် ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံစာများ (Recommendation Letters)

ပိုမို ပြည့်စုံသော သတင်းအချက်အလက်များကို ကြည့်ရှုရန်နှင့် လျှောက်ထားရန်အတွက် အောက်တွင်ဖော်ပြထားသည့် Link သို့ ဝင်ရောက် ဖတ်ရှု နိုင်ပါသည်။

ASEA-UNINET Call Announcement: Ernst Mach Grant – ASEA-UNINET Call 2025/26 now open! – ASEA-UNINET