Universitas Muhammadiyah Yogyakarta (UMY) Scholarship for 2025-2026 Academic Year

UMY ပညာသင်ဆုသည် ကမ္ဘာအနှံ့မှ နိုင်ငံတကာကျောင်းသားများ၊ အထူးသဖြင့် ASEAN နိုင်ငံသားများအား အင်ဒိုနီးရှားနိုင်ငံတွင် ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ပါရဂူဘွဲ့များ ဆည်းပူးနိုင်ရန် ရည်ရွယ်ထားပါသည်။

လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့မှ နိုင်ငံတကာကျောင်းသားများ လျှောက်ထားနိုင်ပါသည်။

Application Timeline

Eligibility Highlights

  • ဘွဲ့ကြိုအတွက် အထက်တန်းပြီးရမည်။ မဟာဘွဲ့အတွက် ဘွဲ့ကြိုရရှိပြီးဖြစ်ရမည်။ ပါရဂူဘွဲ့အတွက် မဟာဘွဲ့ ရရှိပြီးဖြစ်ရမည်။
  • ထူးချွန်သော ပညာရေးရလဒ်ရှိရန် လိုအပ်ပါသည်။
  • အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား TOEFL, IELTS, Duolingo သို့မဟုတ် TOEIC အမှတ်များ တင်ပြနိုင်ရမည်။
  • ပညာသင်ဆု အကျိုးခံစားခွင့်များ

ပညာသင်ဆု အကျိုးခံစားခွင့်များ

  • စာသင်နှစ်အလိုက် ပညာသင်ကြေးအား 100% ထောက်ပံ့ပေးခြင်း
  • အဆောင်နေထိုင်စရိတ်
  • လစဉ်အသုံးစရိတ် (Monthly Stipend)
  • ဘွဲ့ကြို - IDR 1,850,000
  • မဟာဘွဲ့ - IDR 2,350,000
  • ပါရဂူဘွဲ့ - IDR 2,600,000
  • သာမန်ကျန်းမာရေးစောင့်ရှောက်မှု
  • အင်ဒိုနီးရှားဘာသာစကား သင်တန်း (BIPA)

လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ

  • ပညာအရည်အချင်းလက်မှတ်နှင့် မှတ်တမ်းများ (ဘွဲ့ကြို၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ သက်ဆိုင်ရာ)
  • အင်္ဂလိပ်စာအရည်အချင်းပြလက်မှတ် (သို့) ချွင်းချက်အတွက် အထောက်အထား
  • နိုင်ငံကူးလက်မှတ်
  • Motivation Letter
  • ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အတွက် recommendation letter နှင့် brief research proposal

ပိုမိုသိရှိလိုပါက နှင့် အွန်လိုင်းလျှောက်ထားရန် တရားဝင်ဝက်ဘ်ဆိုဒ်လင့်ခ်သို့ ဝင်ရောက်ကြည့်ရူ့နိုင်ပါသည်။

https://internationaladmissions.umy.ac.id/scholarship-information