ပြင်သစ်နိုင်ငံ ကနေပေးအပ်တဲ့ Emile Boutmy ပညာသင်ဆု (Emile Boutmy Scholarship) သည် Sciences Po တက္ကသိုလ်ကို တည်ထောင်သူ Émile Boutmy ကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခြင်းဖြစ်ပြီး တက္ကသိုလ်နှင့် အလှူရှင်များက ပူးပေါင်းထောက်ပံ့ထားခြင်း ဖြစ်ပါသည်။ ဥရောပနိုင်ငံသားမဟုတ်တဲ့ ပညာရေးထူးချွန်သော ကျောင်းသား/သူများအတွက်ရည်ရွယ်ပြီး ကျောင်းလခများကိုအဓိကပံ့ပိုးပေးတာပဲဖြစ်ပါသည်။
လျှောက်ထားနိုင်သည့် ASEAN နိုင်ငံများ 🌍
- အင်ဒိုနီးရှား
- မလေးရှား
- ဖိလစ်ပိုင်
- ထိုင်း
- ဗီယက်နမ်
Application Timeline
Undergraduate program (applicant form foreign secondary school) deadline
Jan 20 2026
Master’s program deadline
Jan 20 2026
Eligibility Highlights
- ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားမဟုတ်သည့် Science Po တက္ကသိုလ် တွင် ပထမဆုံး အကြိမ် တက်ရောက်ခွင့်ရရှိသူ ဖြစ်ရပါမည်။
- ဘွဲကြို သင်တန်းများ သာမက မဟာဘွဲ့ သင်တန်းများ အတွက်ပါ လျှောက်ထားနိုင်ပါသည်။
- ထူးချွန်သော ပညာရေးမှတ်တမ်း (Strong Academic Record) ရှိရန် လိုအပ်ပါသည်။
- အသက်အရွယ် ကန့်သတ်ထားခြင်းမရှိ သော်လည်း တက္ကသိုလ် တက်ရောက်ရမည့် အသက်အရွယ်နှင့် ကိုက်ညီမှုရှိရပါမည်။
- မိမိရွေးချယ်ထားသော Program ပေါ်မူတည်၍ အင်္ဂလိပ်ဘာသာ သို့မဟုတ် ပြင်သစ်ဘာသာ ကျွမ်းကျင်စွာ တတ်မြောက် ရပါမည်။
- တတိယနှစ်မှ စတင်တက်ရောက်မည့် နှစ်ဘွဲ့ရ သင်တန်း (Dual degree) လျှောက်ထားသူများနှင့် ဥရောပသမဂ္ဂအဖွဲ့၀င် နိုင်ငံသားများ လျှောက်ထားခွင့်မရှိပါ။
ပညာသင်ဆု အကျိုးခံစားခွင့်များ
- ဘွဲ့ကြို သင်တန်းများ (Undergraduate) - နှစ်စဉ် သင်တန်းကြေး ယူရို €14,720 ခန့်အထိ ကင်းလွတ်ခွင့်။
- မဟာဘွဲ့ သင်တန်းများ (Master) - နှစ်စဉ် သင်တန်းကြေး ယူရို €18,500 ခန့်အထိ ကင်းလွတ်ခွင့်။
- Emile Boutmy ပညာသင်ဆုသည် ကျောင်းလခကိုသာ အဓိကထောက်ပံ့ပေး ခြင်းဖြစ်ပြီး နေထိုင်စရိတ်၊ လေယာဉ်လက်မှတ်နှင့် အာမခံကြေးများကို မိမိကိုယ်တိုင် စီစဉ်ရပါမည်။
လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ
- Sciences Po ၏ အွန်လိုင်းလျှောက်လွှာတွင်ပညာသင်ဆုလျှောက်ထားလိုကြောင်း ထည့်သွင်းဖော်ပြရပါမည်။
- အမှတ်စာရင်းများနှင့် ပညာရေးမှတ်တမ်းများ (Academic Transcript)
- ကိုယ်ရေးအကျဉ်း (CV)
- ပညာရေးပန်းတိုင် နှင့် ရည်မှန်းချက်များကို အသေးစိတ်ဖော်ပြသည့် ကိုယ်ရေးဖော်ပြချက် (Motivation Letter)
- ဘာသာစကား ကျွမ်းကျင်မှု အထောက်အထား (အင်္ဂလိပ် သို့မဟုတ် ပြင်သစ်)
- မိသားစုဝင်ငွေ အထောက်အထား (Financial Documents)
- ပညာရေး နှင့် ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံစာများ (Recommendation Letters)
လျှောက်ထားပုံအဆင့်ဆင့်
- Sciences Po ၏ တရားဝင်ဝက်ဘ်ဆိုက်မှတဆင့် ကျောင်းလျှောက်လွှာတင်ပါ။
- လျှောက်လွှာတင်စဉ်တွင် "Emile Boutmy Scholarship" ကို ရွေးချယ်ရပါမည်။
- လိုအပ်သော စာရွက်စာတမ်းများအားလုံးကို guidelines များအတိုင်းတင်ရပါမည်။
- လိုအပ်သော ဘာသာစကား စာမေးပွဲရလဒ်များကို တင်ပြရပါမည်။
- ပညာသင်ဆု ရလဒ်ကို စောင့်ဆိုင်းပါ။
အသေးစိတ်လေ့လာရန်
