Climate-Smart Agriculture and Food Security Short Course for ASEAN and Australia (ASEAN-Australia Centre)

ASEAN-Australia Centre မှ ဦးစီးကျင်းပသော Climate-Smart Agriculture and Food Security Short Course အစီအစဉ်သည် ASEAN အဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျနိုင်ငံမှ နောင်တွင် ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များ၏ စွမ်းရည်များ မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဩစတြေးလျအစိုးရမှ ထောက်ပံ့သော ဤသင်တန်းသည် (၁၁ ပတ်) ကြာ အွန်လိုင်းမှသင်ယူမှု နှင့် ဩစတြေးလျနိုင်ငံ တွင် တစ်ပတ်တာ ကိုယ်တိုင်တက်ရောက်ရမည့် သင်တန်းအစီအစဉ်ကို ပေါင်းစပ်ထားပါသည်။

🌍 Eligible Countries

  • ဘရူနိုင်း
  • ကမ္ဘောဒီးယား
  • အင်ဒိုနီးရှား
  • လာအို
  • မလေးရှား
  • မြန်မာ
  • ဖိလစ်ပိုင်
  • စင်ကာပူ
  • ထိုင်း
  •  ဗီယက်နမ်

Application Timeline

🎯 Eligibility Highlights

  • နိုင်ငံသား: ASEAN အဖွဲ့ဝင်နိုင်ငံသား ဖြစ်ရမည်။
  • ပညာရေး/အလုပ် အတွေ့အကြုံ: စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံ (သို့မဟုတ်) ဆက်စပ်နယ်ပယ်များတွင် သက်ဆိုင်ရာ ဘွဲ့ဒီပလိုမာ သို့မဟုတ် အလုပ်အတွေ့အကြုံ ရှိရမည်။
  • Education/Experience: Relevant qualifications or work experience in agriculture, environmental science, or related sectors.
  • အင်္ဂလိပ်စာ ကျွမ်းကျင်မှု: IELTS 6.5 (သို့) ညီမျှသော အဆင့်ရှိရန် လိုအပ်ပါသည်။
  • အသက်နှင့် GPA: သတ်မှတ်ချက်မရှိပါ။ ခေါင်းဆောင်မှုစွမ်းရည်နှင့် ကျွမ်းကျင်မှုအပေါ် မူတည်၍ ရွေးချယ်ပါသည်။

💰 Scholarship Coverage (Benefits

  • သင်တန်းကြေးအား အပြည့်အဝ ထောက်ပံ့ခြင်း၊
  • ဩစတြေးလျသို့ လေယာဉ်အသွားအပြန်၊ နေထိုင်စရိတ်၊ ခရီးသွားလာခနှင့် အစားအသောက်စရိတ်များ ထောက်ပံ့ခြင်း
  • ကျွမ်းကျင်ပညာရှင်များမှ ပို့ချသော အွန်လိုင်းသင်ခန်းစာများ၊
  • ဩစတြေးလျတွင် သင်ယူနိုင်မှု၊ လူမှုရေးနှင့် လုပ်ငန်းဆက်ဆံရေး တည်ဆောက်မှု (networking) နှင့် ယဉ်ကျေးမှု အတွေ့အကြုံများ
  • ဩစတြေးလျ ၌ရှိနေစဉ် ၂၄/၇ ကူညီရေးဝန်ဆောင်မှု

🗓️ Application Timeline

  • လျှောက်လွှာစတင်ခွင့်ပြုချိန်: နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၅
  • လျှောက်လွှာပိတ်ချိန်: နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၅
  • သင်တန်းကာလ: ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် (အွန်လိုင်းသင်ယူမှု ၁၁ ပတ် + ဩစတြေးလျတွင် ၁ ပတ်)

📋 Required Documents

  • လျှောက်လွှာဖောင် (Application Form)
  • ASEAN နိုင်ငံ တစ်နိုင်ငံမှ နိုင်ငံသားဖြစ်‌‌ကြောင်း အထောက်အထား၊
  • ကိုယ်ရေးအကျဉ်း (CV)
  • အင်္ဂလိပ်စာ ကျွမ်းကျင်မှု အထောက်အထား (English Language Test or undergrad studies in English) ၊
  • လက်ရှိအလုပ်မှ ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံစာ
  • နိုင်ငံကူးလက်မှတ် မိတ္တူ
  • ဘွဲ့လက်မှတ် မိတ္တူ

လျှောက်ထားရန်

လျှောက်ထားရန်နှင့် ပိုမိုသိရှိလိုပါက အောက်ပါလင့်ခ်သို့ ဝင်ရောက်‌လေ့လာနိုင်ပါသည်။

Application Link: (https://www.aseanaustraliacentre.org.au/programs/short-courses-stem-and-resources )