၂၀၂၆ ခုနှစ်အတွက် Hungary နိုင်ငံ အစိုးရကနေ Fully Funded ပေးအပ်တဲ့ Scholarship ကတော့ Stipendium Hungarian Scholarship 2026 in Hungary ဖြစ်ပါသည်။
ပညာသင်ဆု အကျိုးခံစားခွင့်များ
- ပညာသင်ကြေး (Tuition fee) အပြည့်အဝ ထောက်ပံ့ပေးခြင်း။
- လစဉ်အသုံးစရိတ် (Monthly Stipend)
- Bachelor နဲ့ Master degree များအတွက် - HUF 43,700/month (~EUR 100‑110) ခန့်။
- Doctoral level အတွက် - ပထမ ၄ နှစ်ဝက်အတွက် HUF 140,000/month; ဒုတိယ ၄ နှစ်ဝက်အတွက် HUF 180,000/month။
- နေထိုင်ရန်အတွက် အဆောင် (Dormitory) သို့မဟုတ် ထောက်ပံ့ကြေး (HUF 40,000/month) ပေးခြင်း။
- ကျန်းမာရေးအာမခံ (Medical Insurance) နှင့် ထပ်ဆောင်းကျန်းမာရေးအာမခံများ
Application Timeline
Deadline
15 January 2026, 2 p.m. CET
လျှောက်လွှာအတွက်လိုအပ်ချက်များ
- Hungary နိုင်ငံနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ရှိသော Sending Partner နိုင်ငံမှ နိုင်ငံသားဖြစ်ရမည်။
- မိမိရွေးချယ်ထားသော ဘာသာရပ်၏ ပညာရေးနှင့် ဘာသာစကားဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီရမည်။
- မိမိတို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ Sending Partner အဖွဲ့အစည်း၏ ရွေးချယ်ခြင်းခံရသူ ဖြစ်ရမည်။
လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ
- Motivation Letter
- Proof of language proficiency (IELTS, TOEFL, etc.)
- ပညာရေးဆိုင်ရာ Transcript နှင့် ဘွဲ့လက်မှတ်များ
- ကျန်းမာရေးထောက်ခံချက် (Medical Certificate)
- Passport မိတ္တူ
- Research Plan (PhD လျှောက်ထားသူများအတွက်)
- Letters of Recommendation (PhD လျှောက်ထားသူများအတွက်)
How to apply for the Stipendium Hungaricum Scholarship
- မိမိနိုင်ငံဟာ Sending Partner ဟုတ်မဟုတ်နှင့် မိမိလျှောက်ထားလိုသော ဘာသာရပ်က လျှောက်ထားခွင့်ရှိမရှိ စစ်ဆေးပါ။
- သက်ဆိုင်ရာ Call for Applications ကို သေချာစွာဖတ်ပါ။
- လိုအပ်သော စာရွက်စာတမ်းများအားလုံးကို စုဆောင်းပါ
- Online application system (DreamApply) တွင် register လုပ်ပြီး ဘာသာရပ်နှစ်ခုအထိ ရွေးချယ်ကာ စာရွက်စာတမ်းများ upload လုပ်ပါ။
Field of study
- Agriculture and Forestry
- Environmental Science and Sustainability
- Arts, Design, and Performing Arts
- Business, Finance, and Economics
- Computer Science, Information Technology, and Data Science
- Education and Teacher Training
- Engineering and Technology
- Health, Medicine, and Nursing
- Social Sciences
- Law and Criminal Justice
- Natural Sciences
- Psychology and Behavioral Sciences
- Social Work and Public Administration
- Language and Literature
- Mathematics and Statistics
လျှောက်လွှာတင်ပြီးနောက်၊ Sending Partner မှ အမည်စာရင်းတင်သွင်းပြီး တက္ကသိုလ်များမှ ဝင်ခွင့်စာမေးပွဲများ ပြုလုပ်ပါမည် ဖြစ်ပါသည်။
ယခုပညာသင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို လေ့လာလိုပါက အောက်ပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- Official Website: https://stipendiumhungaricum.hu/
- Also Check: https://scholarshipunion.com/stipendium-hungarian-scholarship-2026-in-hungary/
